ပင်းတယမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

ပင်းတယ နိုဝင်ဘာ ၂၅

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းလီ ကျေးရွာအုပ်စု ပန်းမက်ကျေးရွာ သို့မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်လွင်မိုးက မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူ များ ဆင်းရဲမှုလျှော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အခြားမိသားစု ဝင်ငွေတိုးစိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျေးရွာသူ ကျေးရွာသားများအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရံပုံငွေကို အောင်မြင် အောင် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဒုတိယဦးစီးမှူး ဦးအောင်လွင်မိုးနှင့် ဝန်ထမ်း များက အဆိုပါ ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၊ မြစိမ်းရောင်စီမံကိန်း သတ္တမ အကြိမ်အဖြစ် စိုက်ပျိုးရေး မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ရန် အသင်းသား အသင်းသူ ဦးရေ ၁၂၁ ဦးကိုမြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရံပုံငွေကျပ်  (၆၄၆) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုးမိုးထွေး