ဘုရားသုံးဆူမြို့ Community center ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ဘုရားသုံးဆူ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစောရဲဝင်း ထွဋ် က (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်ရခြင်း ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး ဘုရားသုံးဆူမြို့ Book Club အဖွဲ့ဝင် ဦးသန်းအောင်မှ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ဗြိတိသျှအစိုးရခေတ် ပညာရေး သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား/သူ၊ လူငယ် လူရွယ်များအား မမေ့လျော့စေရန်၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းစေရန်နှင့် ထိန်းသိမ်းစောင့်ရှောင့်တတ်စေရန် အရေးကြီးပါကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)