ဘိုကလေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်ဘုတ်ပြသ

ဘိုကလေး နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ် တွင် ယနေ့နံနက်(၁၀)နာရီ၌ ယာဉ်မတော်မဆမှုများ ဖြစ်ပွားမှုမရှိစေရေးနှင့် လျော့ကျစေရေးတို့ကို ရည်ရွယ်ကာယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်ဘုတ်ပြသဆောင်ရွက်သည်။

ပြသဆောင်ရွက်ရာတွင် မော်တော်ယာဉ်လိုင်းပြေးဆွဲနေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများနှင့် အများပြည်သူများအား ပြသအသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ဟိုင်းဝေးလမ်းမပေါ်မှ အန္တရာယ်သတိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွှန်များ၊အမိန့်ပေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊ သတိပေးရောင်ပြန်ပြားများ၊ ယာဉ်မတော်မဆ ဖြစ်ပွားမှု ပုံစံများ၊ ယာဉ်မတော်မဆမှုနှင့် ပတ်သက်သည့် အမေးအဖြေများအား အဆိုပါနံရံကပ်ပြဘုတ်တွင်စုံလင်စွာ ထည့်သွင်းဖော်ပြ အသိပညာပေးထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)