သံတောင်ကြီး နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက် (၁၀)နာရီ အချိန် သံတောင်ကြီးမြို့ဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် ခရီး သွားလာသူများအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ မရှိ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်၊ နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကွင်း ဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)