နမ့်ခမ်းမြို့၌ ကြံစိုက်ပျိုးသည့် တောင်သူများက ကြံများတင်ပို့ ရောင်းချခြင်း မရသည့်အတွက် အခက်အခဲများ ကြုံတွေနေရ

နမ့်ခမ်း       နိုဝင်ဘာ      ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့နယ်အတွင်း ကြံစိုက်ပျိုးသည့် တောင်သ များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား သည့် ကာလတွင် မြန်မာ -တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်များ ပိတ်ထားပြီး စိုက်ပျိုးထားသည့်ကြံများကို တရုတ်နိုင်ငံရှိ သကြားစက်ရုံသို့ တင်ပို့ ရောင်းချခြင်း မရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာမှ ကြံစိုပျိုးသူတစ်ဦးက " ကျွန်တော်က ကြံကို (၆)ဧကကျော် စိုက်ပျိုးထားပါတယ်၊ မနှစ်က စိုက်ပျိုးထားတဲ့ ကြံ (၆)ဧကမှာ တစ်ပင်မျှ မခုတ်ရောင်းရဘူး၊ နမ့်ခမ်းမြို့နယ်မှ ကြံတောင်သူ များအားလုံး ကြံမရောင်းလိုက်ရဘူး၊ ဝင်ငွေမရှိတော့ ရွာမှကြံ တောင်သူ တစ်ချို့က ယခုနှစ်မှာ ကြံခင်းကို ပေါင်းသင်၊ မြေသြဇာကျွေး လိုအပ်တဲ့ ပြုစုမှုကို မလုပ်နိုင်တော့ဘူး၊ တရုတ်ပြည်သို့  ကြံတင်ပို့ရောင်းချတဲ့ ကချင်ပြည်နယ်က မန်စီမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း မြို့နယ်၊ မုံးကိုးမြို့နယ်တို့မှ ကြံစိုက်ပျိုးသူ အားလုံး နီးပါး ခုတ်မရောင်းလိုက်ရကြောင်း၊ ယခုနှစ်လည်း ထပ်ပြီး မရောင်းရဘူးဆိုရင် ကြံစိုက်ပျိုး တောင်သူများအားလုံးက (၂)နှစ် ဆက်တိုက် ဝင်ငွေမရှိတဲ့အတွက် စိုးရိမ်မိပါတယ် " ဟု ပြောပြ ခဲ့သည်။

နမ့်ခမ်းမြို့နယ်တွင် ကြံစိုက်ပျိုးသည့် ဧက()ထောင်ကျော်ရှိပြီး တရုတ်နယ်စပ်ဒေသမှ စိုက်ပျိုး မြေထက်ဝတ်ခန့်မှာ ကြံစိုက်ပျိုးကြပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံနယ် စပ်ဂိတ်များ ပိတ်ထားရ၍  ဒေသအတွင်းမှ ကြံများ ရောင်းချနိုင်ခြင်း မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်းနှင့် ယခုနှစ်မှ ကြံများကိုလည်း တင်ပို့ရောင်းချနိုင်ခြင်း  မရမည်ကို ကြံစိုက်ပျိုးတောင်သူများက စိုးရိမ်နေကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)