ကာမိုင်းမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကာမိုင်း  နို၀င်ဘာ  ၂၆

၂၀၂၁ခုနှစ်၊ နို၀င်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ အထကကာမိုင်း၊ အထက(ခွဲ)မြို့မ-၂နှင့် လမ်းဘေးဈေးဆိုင်များ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာ၌ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသူ/သားများနှင့် ပြည်သူများအား အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်စကားလက်ကမ်းစာစောင်များကို လက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ယနေ့ဖြန့်ဝေပေးခဲ့သည့် သတင်းစကားလက်ကမ်းစာစောင်၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးကဏ္ဌသည်အရေးကြီး၊အမျိုးသားပညာရေး၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ၊ ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာစသည့်များ ထည်သွင်းဖော်ပြထာရှိကြောင်းနှင့် လက်ကမ်းစာစောင်ရေ (၂၀၀)စောင်တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လဆိုင်း