တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများ

တံတားဦး  နိုဝင်ဘာဘာ  ၂၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် အမှတ်(၃)ရပ်ကွက် မကျီးတောရပ်တွင် နေထိုင်သော ဦးကြီးမောင်အား ယခုလိုဘဲ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်-

မေး။   လေးလေးရဲ့ အမည် ၊ နေရပ်နဲ့အသက် သိပါရစေခင်ဗျာ။

ဖြေ။    ကျွန်တော်နာမည်ကတော    ဦးကြီးမောင်ဖြစ်ပြီး၊     အမှတ်(၃)ရပ်ကွက် မကျီးတောရပ်တွင် နေထိုင်ပါတယ်၊  အသက်ကတော့(၆၆)နှစ်ဖြစ်ပြီး    အလုပ်အကိုင်ကတော့    အရောင်းအဝယ် လုပ်ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါ ဘယ်လိုစတင်ဖြစ်လာခဲ့ပါလဲ။

ဖြေ။    ကိုဗစ်-၁၉ရောဂါစဖြစ်ပြီး ကိုယ်အပူချိန်တွေတက်လာပါတယ် ၊သုံးရက်လောက် အနံ့ပျောက်ပါတယ်။

မေး။   ရောဂါဖြစ်ပွားတဲ့အချိန် ဘယ်လိုနေထိုင်ခဲ့ပါသလဲ။

ဖြေ။    ရောဂါပိုး ရှိပါတယ်ဆိုတာ သိခဲ့ရပြီးနောက်မှာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူးများရဲ့ လမ်းညွှန်ချက်အတိုင်း နေထိုင်ပါတယ်၊ အိမ်မှာမိသားစုနဲ့ အစားအသောက်အားလုံးသီးခြား နေထိုင် စားသောက်ခဲ့ပါတယ်။

မေး။   ကျန်းမာရေးပြန်လည်ကောင်းမွန်လာအောင် ဘယ်လိုတွေနေထိုင် ခဲ့ပါလဲ။

ဖြေ။    ဆေးကိုပုံမှန်သောက်တယ် ၊ လေ့ကျင့်ခန်းပုံမှတ်လုပ်တယ်၊ အိပ်ရေးဝဝအိပ်တယ်၊   အစား ပုံမှန်စားတယ်။

မေး။   လေးလေးအနေနဲ့ ကာကွယ်ဆေး ထိုးပြီးပြီလား သိချင်ပါတယ်။

ဖြေ။    လေးလေးကိုဗစ်-၁၉ ကာကွယ်ဆေး( ၂)ကြိမ်လုံးထိုးပြီးပါပြီ။ 

မေး။   အများပြည်သူတွေကိုရော ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ အကြံပြုပေးပါအုံး။

ဖြေ။    ဒီရောဂါ ကူးစက်ခံရပြီးဆိုရင် စိတ်ဓာတ်မကျဖို့ ၊အဓိကပြောချင်ပါတယ် ၊ ကိုယ်ခံအားကောင်းဖို့ လည်းအ‌ရေးကြီးပါတယ်၊ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကို လည်းစနစ်တကျလိုက်နာကြပါ။ အပြင်ထွက်တိုင်း Maskနှာခေါင်းစည်း တပ်ဆင်ပြီးမှ သွားလာ ကြပါ။ အပြင်ကပြန်လာတိုင်း အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောကြပါ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများလည်း ကာကွယ်ဆေး ကို သတ်မှတ်ဦးတည်စုမှာထိုးပေးကြပါလို့ ကျွန်တော့အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ တိုက်တွန်းပြောကြားလိုပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် လေးလေးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရဲတင့်(တံတားဦး)