အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီ စိုက်ဧက ၃၀၇၉ ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 26,2021
၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြသထားကြောင်း သိရသည်။
Nov 26,2021
မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ် ခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီး ကော်မတီဝင်များ၊ INGO ၊ NGO နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Nov 26,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ Online Page များမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းနှင့် အထိမ်းအမှတ်နေ့များတွင် လက်ကမ်း စာစောင်များ ထုတ်ဝေပြီး ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၁၀ နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့၊ ယနေ့ နေ့လယ်(၂)နာရီအချိန်က Youth Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Nov 26,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်​ထောက်လူဝင်မှု ကြီးကြပ်​ရေးမှူး ဦး​ဆော်လမွန် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို​နိုဝင်ဘာလ(၂၅)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က ​​တောင်​ပေါ်​ကျေးရွာရှိ ပြည်သူများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူနှင့်ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက(အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ် အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင်လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၅၂၀ ဦး ရှိပြီး ဆေးထိုးနှံပြီးသူ ၄၅၁၄၇ ဦးရှိကြောင်းသိရသည်။