အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့ကို အလေးမြတ်တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာ စောင်ကို ယနေ့၊ နံနက်ပိုင်းက အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 26,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်ပြပွဲ ၊ ဆေးရောင်ချယ်ပြိုင်ပွဲ ၊ ဟောပြောပွဲ တို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က Community Centre ခန်းမ၍ ပြုလုပ်ကျင်းပသည်။
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်အထက် ပြည်သူများအား လယ်ဝေးမြို့သီရိမင်္ဂလာခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျှက်ရှိသည်။
Nov 26,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေး ခြင်းနှင့် အစိမ်း ရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်ရမည့် နည်းလမ်းများအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပ်ရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘက်ဂျက်တွင်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ၏ တင်ဒါရှင်းလင်းပွဲနှင့် မြစိမ်းရောင်ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခမ်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မစျေးကြီးတွင် ပွင့်လင်းရာသီ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးနှင့် မြို့နယ်မီးသတ် ဦးစီးဌာတို့ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၁)နှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။