ကျောက်တန်းမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ

ကျောက်တန်း နိုဝင်ဘာ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ Online Page များမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းနှင့် အထိမ်းအမှတ်နေ့များတွင် လက်ကမ်း စာစောင်များ ထုတ်ဝေပြီး ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၁၀ နာရီက  (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမှာစကား ကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ၊ အမျိုးသားနေ့ ပေါ်ပေါက်လာပုံနောက်ခံသမိုင်း ကြောင်းများကို  ပည်သူများဗဟုသုတရရှိစေရန် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

အဆိုပါ (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  လူစည်ကားရာ မြို့မဈေး၊ကားဂိတ်၊ မြို့ပေါ် အထက(၁)၊အထက(၂) နှင့် မြို့မအလက ကျောင်းတို့တွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ဆွေဝင်း (ပြန်/ဆက်)