အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး(Community Centre)ခန်းမတွင် ပြည်သူများစာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်သုံးသပ်နိုင်စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်တွင် အင်းနက်ကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ရည်ရွယ်၍ ဆိုင်ကယ်စီးနင်း မောင်းနင်သူများ သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ ကို ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေကြောင်း သိရသည်။
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း ဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင် (၄)မြို့နယ် အမှုထမ်းအဆင့်ဝန်ထမ်းအသစ်လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အ.ထ.ကကျောင်း၊ မူလတန်းကျောင်းများနှင့် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက်ကားဂိတ်၊ စျေးများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။