ရေနံချောင်း နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီ စိုက်ဧက ၃၀၇၉ ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ကြက်သွန်နီကို ကိုင်းမြေ၊ ချောင်းမြေ၊ မြေနုများတွင် မြစ်ရေနှင့် မြေအောက်ရေကို အသုံးပြုစိုက်ပျိုးကြပြီး ဝက်လွတ်၊ ဝက်မစွတ်၊ ဘူးကျွန်း၊ မာန်မြေ၊ ကျမ်းကိုင်ကျွန်း၊ ပင်းဝ၊ သုံးဆယ့်ခြောက်၊ အုတ်ရှစ်ကုန်း စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
ယခင်နှစ် ကြက်သွန်နီအသစ်ပေါ်ချိန်တွင် ကြက်သွန်နီတစ်ပိသာလျှင် ငွေကျပ် ၃၅၀ နှုန်းဖြင့်ရောင်းချရပြီး လှောင်လက်ရာသီဖြစ်တဲ့အတွက် ဈေးအတက်အကျမရှိဘဲ အောက်တိုဘာလကစပြီး ကြက်သွန်နီတစ်ပိသာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်းရောင်းချရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရေနံချောင်းမြို့နယ်တွင် ယခင်နှစ် ၂၀၂၀-၂၀၂၁ ခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီစိုက်ဧက ၃၀၇၀ လျာထားရာ ၃၀၇၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ၃၀၆၄ ဧကရိတ်သိမ်းနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်း များအရသိရသည်။
မြို့နယ်ပြန်/ဆက်