ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အခမ်းအနားကျင်းပ

မရမ်းကုန်း နိုဝင်ဘာ ၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်၊ ဇမ္ဗူသီရိဗိမာန်တွင် ယမန်​နေ့ နံနက် ၉ နာရီအချိန်က ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း (YMBA)မှ (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရာသက်ပန် နာယကကြီး နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ၊ ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် အိမ်​စောင့်အစိုးရအဖွဲ့၊ နိုင်ငံ​တော်ဝန်ကြီးချုပ် သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မ​ဇောတိကဓဇ မဟာသ​ရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ထံမှ​ ပေးပို့​သော သဝဏ်လွှာ ဖတ်ကြားခြင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာ မင်္ဂလဓမ္မ​ဇောတိကဓဇ ဦးရဲထွန်းက အမျိုးသား​အောင်ပွဲ​နေ့အ​ကြောင်း​ ပြောကြားခြင်း၊ ဘွဲ့တံဆိပ်​တော်များ ချီးမြှင့်ခြင်း၊ အမှု​ဆောင်အမည်စာရင်း​ကြေညာခြင်းနှင့် ကျမ်းသစ္စာ ဆိုခြင်း အစရှိသည့် အစီအစဉ်များ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရန်ကုန်တိုင်းမှူးနှင့် တပ်မ​တော်မှ အရာရှိကြီးများ၊ YMBA ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမှုဆောင်များနှင့် ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)