ရသေ့တောင် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရသေ့တောင်မြို့ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးနိုင်လင်းထက်က အမှာစကားပြောကြားပြီး နှစ်ဖက် အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ဗိုလ်လုပွဲအား ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် ဘောလုံးအသင်းနှင့် စေတီပြင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အရှေ့မြောက်ဘောလုံးအသင်းက စေတီပြင်ဘောလုံးအသင်းအား ၂ ဂိုးမရှိဖြင့်အနိုင်ရ ဗိုလ်စွဲသွားခဲ့ သည်။
ယင်းနောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရရှိခဲ့သည့် အရှေ့မြောက်ရပ်ကွက် ဘောလုံးအသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း၊ ဒုတိယဆုရရှိသည့် စေတီပြင်ဘောလုံးအသင်းအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးကလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာများမှ ဘောလုံးအသင်း(၁၅) သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)