စစ်တွေ နိုဝင်ဘာ ၃၀
စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံ အခြေခံ စားသောက်ကုန် ပြုလုပ်နည်းသင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ပြီး စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစား စက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကာ ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
သစ်သီးဝလံ အခြေခံစားသောက်ကုန် ပြုလုပ်နည်း သင်တန်းတွင် ခရမ်းချဉ်သီး အလုံးလိုက် ယိုပြုလုပ်နည်း၊ နာနတ်ယိုပြုလုပ်နည်း၊ သင်္ဘောသီး ချိုချဉ်ယိုပြုလုပ်နည်း၊ သရက်သီး ယိုပြုလုပ်နည်း၊ ကျောက်ဖရုံသီးယိုပြုလုပ်နည်း၊ ငရုပ်သီးဆောစ်ပြုလုပ်နည်း၊ ခရမ်းချဉ်သီး ဆောစ်ပြုလုပ်နည်း၊ အသင့်သောက် မန်းကျည်းဖျော်ရည်ပြုလုပ်နည်း၊ သံဖရာသီးဖျော်ရည် ပြုလုပ်နည်း၊ ကြက်ဥမြေပဲပါ ကျော်ပြုလုပ်နည်း၊ အာလူကျော်ပြုလုပ်နည်း၊ Crepe Cake ပြုလုပ်နည်း၊ Chiffon Cake ပြုလုပ်နည်း၊ Cookies ပြုလုပ်နည်းနှင့် ပြောင်းဖူးပေါက်ပေါက် ပြုလုပ်နည်းများကို သင်ကြားပို့ချ ပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်း ဆရာများက နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)