မတ္တရာမြို့နယ်၌  ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မတ္တရာ   နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်က မြို့နယ်အားကစားရုံ၊ မြို့အဝင်စစ်ဆေးရေး ဂိတ်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံခဲ့သည်။

ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

နိုဝင်ဘာလ ၃၀ရက်နေ့အထိ ( ၅၈၁၂၁ )ဦးအား ပထမအကြိမ်နှင့် ( ၄၀၈၀၃ဦး )ဦး အား ဒုတိယ အကြိမ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)