အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကပါစို့” ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စတင်လက်ခံနေကြောင်း သိရသည်။
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှား မှုအဖြစ် ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
 ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင်  စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနက မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိသက်မှတ်ထားရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲမှ စတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
May 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှု စတင်လက်ခံ သည့်နေ၌ပင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းလာရောက် အပ်နှံသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ အထူးများပြားလျက်ရှိသည်ကို တွေ့ရသည်။
May 26,2022
 ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်‌ကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်မှစ၍ ကျောင်းအပ်နှံရေးသတင်းပတ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စတင်ကျောင်းအပ်နှံလက်ခံနေပြီဖြစ်ကြောင်း သိရသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ်  ဇွန်လ (၂) ရက် နေ့တွင်  စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။