Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ
May 26,2022
“မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသော နိုင်ငံ၏ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-ခုနှစ် မေ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးက လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်
May 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး သိန္နီမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းအခမ်းအနား ကျင်းပ
May 26,2022
မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၆ ရက် နံနက် (၉:၀၀)နာရီအချိန်က အထက(မင်းစု)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံရေးအခမ်းအနားသို့ တက်ရောက်
May 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာ ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဦးဇော်ဝင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အပ်နှံခြင်း စတင်ဆောင်ရွက်
May 26,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင်လက်ခံ
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက် ၉ နာရီ အချိန်ကစတင်ကာ ကျောင်းသားမိဘများမှ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ကျောင်းအခမဲ့လာရောက် အပ်နှံလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ သိမှတ်ဖွယ်ရာဗဟုသုတများ တိုးပွားလာစေရန်အတွက်ရည်ရွယ်၍ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသိပညာပေး(Talk-Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဆွေးနွေးပွဲကိုစတင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20475
Page
20476
Page
20477
Page
20478
Current page
20479
Page
20480
Page
20481
Page
20482
Page
20483
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department