မိုင်းဖြတ် မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စတင်လက်ခံနေကြောင်း သိရသည်။
ထိုသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ဖြင့် မေလ(၂၆)ရက်မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်ပြီး လာရောက်အပ်နှံကြသည့် ကျောင်သား၊ ကျောင်းသူများကို အတန်းအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်(၁)စုံကို (အခမဲ့) ထောက်ပံ့ပေးအပ်၍ အခကြေးငွေများ တစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံနေမှုအား နည်းဗျူဟာမှုး၊ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး