အလုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

အလုံ မေ ၂၆

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင်  စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ​ဘောပင်၊ ခဲတံများကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း မြို့နယ်ပညာရေးမှူး​ရုံးမှ သိရှိရသည်။

ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး  နံနက်(၉)နာရီမှ  မွန်းလွဲ(၂)နာရီအထိ ​ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး အလုံမြို့နယ်တွင် အထက်တန်း​ကျောင်း (၆) ​ကျောင်း၊ အလယ်တန်း​ကျောင်း (၁) ​​ကျောင်း၊ မူလတန်း​ကျောင်း (၆)​ကျောင်း စုစု​ပေါင်း (၁၃) ​ကျောင်းရှိ​ကြောင်း သတင်းရရှိသည်။

တင်တင်ချို