အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတ ကောင်းကျိုးတရားများကို သိရှိနားလည်စေရန်ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 26,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုး၊အဘွားများ အား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀  နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တောင်)ကျေးရွာထောင့်ကြီး အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ကျောင်းဆောင်သည် ဧရာဝတီမြစ်ကမ်းပါးပြိုကျနေသည့်နေရာနှင့် ပေ(၁၀၀)ခန့်သာကွာဝေးနေပြီး စာသင်ကျောင်းဆောင်ရွေ့ပြောင်းနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
May 26,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကပါစို့” ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
May 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စတင်လက်ခံနေကြောင်း သိရသည်။
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှား မှုအဖြစ် ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။