ဘုရားသုံးဆူမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ

ဘုရားသုံးဆူ မေ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ သိမှတ်ဖွယ်ရာဗဟုသုတများ တိုးပွားလာစေရန်အတွက်ရည်ရွယ်၍ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသိပညာပေး(Talk-Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဆွေးနွေးပွဲကိုစတင်ဆောင်ရွက်သည်။

ဆွေးနွေးပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးအောင်သူဟိန်း (ဓါတ်ပုံ-၂) မြို့တာ၀န်ခံမှ Talk Show ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ဦးစွာပထမရှင်းလင်းပြောကြားသည်။ ပြီးနောက် တာ၀န်ခံဦးအောင်သူဟိန်း(ဓါတ်ပုံ-၂)မှ သဘာ၀ ပတ်၀န်းကျင်ရှိသစ်တော၊ မြေ၊ ရေ၊ လေ အစရှိသည့် သဘာ၀တရားများသည် အဖိုးတန်များဖြစ်ကြောင်း၊ ယခုအခါတွင် သစ်တောများပြုန်းတီးမှုမဖြစ်ရအောင်ထိန်းသိမ်းသင့်ကြောင်း၊ သစ်တောများပြုန်းတီးမှုဖြစ်ပါက အပူချိန်များလွန်ကဲမှု၊ ရာသီဥတုဖောက်ပြန်မှုများဖြစ်နိုင်ကြောင်းကို ဆွေးနွေးပွဲတွင် ပြောကြားသည်။ ဆက်လက်ပြီး စွန့်ပစ်ပစ္စည်းဓါတုပစ္စည်းပလစ်စတစ်များသည် မြေကြီးပေါ်စွန့်မိပါက နှစ် ၅၀ နီးပါးမျှမဆွေးနိုင်ပဲ သဘာ၀ပတ်၀န်းကျင်အတွက် အဆိပ်အတောက်ဖြစ်နိုင်သောကြောင့် ပလစ်စတစ်အိတ်အစား အစားထိုးအိတ်များသုံးသင့်ကြောင်းကို အသေးစိပ်ရှင်းလင်းပြောကြားသည်။ ပြီးနောက် ဥတုရာသီတောကိုမှီဆိုတဲ့ဆောင်ပုဒ်အတိုင်း မိမိပတ်၀န်းကျင်ကမ္ဘာမြေကြီးရှင်းသန်ရေအတွက် ၂၀၁၂ မှ ပြဌာန်းနိုင်ခဲ့သည့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနည်းဥပဒေကိုလည်း လေ့လာထားသင့်ကြောင်း စသည့်အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)