တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းအခမ်းအနား ကျင်းပ

တောင်သာ မေ ၂၆

မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၆ ရက် နံနက် (၉:၀၀)နာရီအချိန်က အထက(မင်းစု)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။                 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်စိမ်းစိမ်းမြင့်မှ အမှာစကားပြောကြားပါသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရဲမှူး ဦးရန်နိုင်စိုး၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ယဉ်မင်းတင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမိုးကျော်တို့မှ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များအား အသီးသီးပေး အပ်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)