မရမ်းကုန်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက် ၉ နာရီ အချိန်ကစတင်ကာ ကျောင်းသားမိဘများမှ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ကျောင်းအခမဲ့လာရောက် အပ်နှံလျက်ရှိသည်။
ထိုသို့ကျောင်းလာရောက်အပ်နှံသူများကို ကျောင်းအပ်လက်ခံရေး အခြေခံမူများဖြစ်သည့် Catchment area အတွင်းနေထိုင်သူ၊ သန်းခေါင်းစာရင်းအနည်းဆုံး(၆)လ နေထိုင်မှုရှိသူများ၊ ကျောင်းတွင်းလက်ရှိ တက်ရောက်ဆဲညီအစ်ကို မောင်နှမအရင်းရှိသူများ၊ ကျောင်းတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများ သားသမီး၊ မြေး၊ တူ/ တူမအရင်းများ ၊ ကျောင်းတည်ရှိရာမြို့နယ်အတွင်းရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများ၏ သားသမီးများ၊ ကျောင်းတည်ရှိရာ မြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများ၊ ကျောင်းအုပ်စုကျောင်းတည်ရှိရာ အရပ်အတွင်းရှိ သတ်မှတ်ထားသော ခွဲတမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အစရှိသည့် အခြေခံမှု(၆)ရပ်ဖြင့် အခမဲ့ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ပေးအပ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းကို မေ လ၂၆ ရက် မှ ဇွန်လ ၁ ရက်နေ့ထိ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အေးအေးအောင်