ကော့ကရိတ်မြို့နယ်တွင် သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်း ​ဆောင်ရွက်

ကော့ကရိတ် ​မေ ၂၆

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၇)ရပ်ကွက် ​နေအိမ်များနှင့်ဘုန်း​တော်ကြီး​ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဌာန၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍  မိုးကြိုကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတိုင်ကီများအတွင်းအဘိတ်ဆေးခပ်ခြင်း၊ နေအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးအဟောင်းများတွင် ရေများမခိုအောင်းနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရပ်ကွက်များကိုလည်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)