သန်လျင် မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို လာမည့်ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူ များသည် ယနေ့နံနက်မှစ၍ သက်ဆိုင်ရာကျောင်းအသီးသီးရှိ ဆရာ၊ ဆရာမများထံတွင် မိဘအုပ်ထိန်းသူများနှင့်အတူ ကျောင်းလာရောက် အပ်နှံကြသည်ကို တွေ့ရသည်။
သန်လျင်မြို့နယ်တွင် အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက(ခွဲ)(၃)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ လ(ခွဲ) (၃) ကျောင်း၊ မူလတန်းနှင့် မူလွန်(၅၇)ကျောင်းတို့ရှိပြီး ကျောင်းလာရောက်အပ်နှံသော ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သော စာရေးကိရိယာ၊ ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များကို ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများ လက်ဝယ် အရောက် ပေးအပ်ကြသည်။
ယနေ့ကျောင်းစတင်လက်ခံခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်