မြစ်ကြီးနားမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မြစ်ကြီးနား မေ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ လက်ခံခြင်းကို ယနေ့နံနက် (၉) နာရီက စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ပညာ‌ရေးမှူး ဦးကြည်စိန်၊ မြစ်ကြီးနားခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ အခြေခံပညာ‌ကျောင်းပေါင်း (၁၆၅)ရှိရာ ယခုနှစ်တွင် အထက်တန်းကျောင်း (၂၃) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၅)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၁၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၉)ကျောင်း၊ မူလတန်းကျောင်း (၆၈)ကျောင်း၊ အ.မ.က(ခွဲ) ကျောင်း (၁)ကျောင်း စုစုပေါင်း (၁၅၇) ကျောင်းတို့တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုသို့ ကျောင်းလာရောက်အပ်နှံသည့် မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာ‌ရေးကိရိယာများနှင့် ကျောင်းဝတ်စုံ (၁)စုံနှုန်း (အခမဲ့) ထုတ်ပေးလျက်ရှိ​ကြောင်းနှင့် မြစ်ကြီးနားမြို့တွင် ဇွန်လ ၂ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယော်ဆောင်(ပြန်/ဆက်)