ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ၏အုပ်ထိန်းသူ မိဘပြည်သူများ ကျောင်းအပ်နှံ

ဝေါ မေ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က ဝေါကျောင်းသီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘပြည်သူများ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဝေါမြို့နယ်အခြေခံပညာကျောင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီကျောင်းအပ်နှံရေး လုပ်ငန်းများကို သက်ဆိုင်ရာကျောင်းအသီးသီးတွင် အခကြေးငွေတစ်စုံတရာ ကောက်ခံခြင်းမရှိပဲ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့ကို နိုင်ငံတော်မှထောက်ပံ့ပေးသည်။

ဝေါမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အထက်တန်း(ခွဲ)၊ အလကကျောင်း၊ အလကကျောင်း(ခွဲ)၊ အမကကျောင်း၊အမကကျောင်း(ခွဲ) စုစုပေါင်း (၁၃၀) ကျောင်း၌ ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁ )ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်မြတ်လင်း