ဘားအံမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ‌ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ဘားအံ မေ ၂၆

ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအ တွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌‌အဆင့် ကျောင်းသား/ ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

“ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ‌ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ‌ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/မများမှ  ကျောင်းသား/သူများအား ကျောင်းအပ်နှံရေးကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံး ဗလာစာအုပ်များ၊ ဘောပင်၊ခဲတံစသည်တို့ကို nအခမဲ့ထုတ်ပေးလျက်ရှိသည့်အပြင် မူလတန်းအဆင့် ကျောင်းသား/သူများကို နိုင်ငံတော်မှ ‌ကျောင်းဝတ်စုံတစ်စုံစီ ‌ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများအားလုံး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဘားအံမြို့နယ်တွင် အခြခံပညာအထက်တန်းကျောင်း(၆၀)ကျောင်း၊ အလယ်တန်း ကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်း(၂၈၄)ကျောင်း၊ စုစုပေါင်းကျောင်း(၄၃၅)ကျောင်းတို့တွင် ကျောင်းအပ်လက်ခံဆောင် ရွက်ပေးလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။ 

ခရိုင်(ပြန်/ဆက်)