အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု(အခမဲ့) အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က တဲကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင် တို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
May 27,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် အခြေခံပညာကျောင်းများ‌ကျောင်း အပ်နှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုလည်း စတင်အပ်နှံလျက်ရှိကြောင်း သိရသည်။
May 27,2022
နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ ကျောင်းအပ်နှံမှု စတင်သည့်ရက်တွင် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများ များပြားကြောင်း သိရသည်။
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးငယ်များ အားလုံးပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၂)ကို မေလ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ဒေသခံလူငယ်သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးအား (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။