သရက် မေ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ) ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိရာ မိဘပြည်သူများမှ ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာကျောင်း အသီးသီးတွင် လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် (KG) တန်းမှ (Grade-11) အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောလ်ပင်များကို နိုင်ငံတော်မှထောက်ပံ့ခြင်းဖြစ်ပြီး ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများအားလုံး ဇွန်(၂)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်