ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများတွင် ကျောင်းအပ်နှံလက်ခံခြင်း စတင်ဆောင်ရွက်

ကျောက်တံတား  မေ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အ-ထ-က ကျောင်းတွင်ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကျောင်းအပ်နှံလက်ခံခြင်းကို ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းများကို မေလ(၂၆)ရက်နေ့မှ ဇွန်လ()ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)