ကျောက်တန်း မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးငယ်များ အားလုံးပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း တက်ရောက်ပညာသင်ကြားကြမည့်၊ KG တန်း၊ မူလတန်း၊ အလယ်တန်း၊အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူကလေးများအား ကျောင်းသား မိဘများက လာရောက်အပ်နှံလျက်ရှိရာဆရာ/ဆရာမများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိသည်။
နိုင်ငံတော်ကကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ဘောပင်၊ ခဲတံ၊ ပေတံ စသည့်ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း သိရပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ခုနှစ် မေလ၂၆ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အိသန္တာချို