မြောင်းမြ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများသို့ဆင်းပြီး နေ့စဉ် ဆောင်ရွက်လျက်ရာ ယနေ့နံနက်တွင် ကံ့ကော်မြိုင်ရပ်ကွက်နှင့် ရေကျော်ကျေးရွာအုပ်စု များသို့ သွားရောက်ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ ပရဟိတ လူမှုရေးအသင်းများက စုပေါင်း၍ ကံ့ကော်မြိုင်ရပ်ကွက်ရှိ အိမ်ခြေ ၁၂၄၆ အိမ်နှင့် ရေကျော်ကျေးရွာအတွင်းရှိ ကျောင်းများ၊ နေအိမ်များရှိ ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင် ပိုးလောက်လန်းအလွယ်တကူ ပေါက်ဖွားမှုမရှိစေရန် ဆေးခတ်ခြင်း၊ ခြင်ခိုအောင်း ပေါက်ဖွားမှုမရှိစေရန် အသိပညာပေးပြောကြားခြင်းများ၊ ခြင်ဆေးအငွေ့ဖျန်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)