မင်းပြား မေ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် မိုးရာသီရောက်တိုင်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ရေဘေးအသိပညာပေး သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က ရေယာဉ်ဆိပ်၌ ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့်ဝန်ထမ်းများက အောက်ရွာပိုင်းရပ်ကွက်ရှိ မော်တော်ဆိပ်ကမ်း၌ မော်တော်ဘုတ်၊ စက်လှေ၊ လှေများဖြင့် မင်းပြားမြို့မဈေးကြီးသို့ ဈေးရောင်း၊ ဈေးဝယ်လာကြသော ခရီးသွားပြည်သူများအား မိုးရာသီအတွင်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ (Life Jacket)များ၊ သရုပ်ပြဝတ်ဆင်အသုံးပြုခြင်း၊ ရေယာဉ်တိုင်း၌ (Life Jacket)များ ဝတ်ဆင်သုံးစွဲနိုင်ရန် အကြံပြုခြင်း၊ မီးသတ်ဆေးဗူးများ ဆောင်ထားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။
သိန်းနုအောင် (ပြန်/ဆက်)