တောင်ပြိုလက်ဝဲမြို့၌ မိုင်းအန္တရာယ် အသိပညာပေးဟောပြော

တောင်ပြိုလက်ဝဲ မေ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မြန်မာမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၁) အတွင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းအန္တရာယ် အသိပညာပေးဟောပြောရာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမြန်မာမှ ပူးပေါင်း၍ ဦးဇော်နိုင်ထွန်း ဦးဆောင်သော မိုင်းအန္တရာယ်အသိ ပညာပေးအဖွဲ့က တောင်ပြိုလက်ဝဲမြို့နေ ပြည်သူလူထုများအနေဖြင့် မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်နှင့်ပတ်သတ်၍ သိရှိထားရန်လိုကြောင်း၊ မိမိနှင့်အကျွမ်းတဝင် မဖြစ်သော ဒေသတွင် ခရီးသွားပါက လူအများအသုံး ပြုသောလမ်းမများကို အသုံးပြုခြင်း၊ ပေါက်ကွဲစေတတ်သောအရာများကို တစ်စုံတစ်ရာဖြင့် မပစ်ပေါက်ပါနှင့်၊ မိုင်း (သို့မဟုတ်) ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းတစ်ခုခုအား တွေ့ရှိပါက လူကြီးတစ်ဦးဦးထံ အကြောင်းကြားပါ၊ မိမိနှင့်မသက်ဆိုင်သော သံသယဖြစ်ဖွယ် ပစ္စည်းများကို မကိုင်တွယ်ပါနှင့် စသည့်အချက်များအား ပြည်သူလူထုများသိရှိအောင် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းအန္တရာယ် အသိပညာပေးသို့ တက်ရောက်လာကြသော ပြည်သူလူထုများအား  မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ် အသိပညာပေး စာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)