စစ်ကိုင်း မေ ၂၇
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ သောတာပန်အရန်မီးသတ်စခန်း၊ ထုံဘိုအရန်မီးသတ်စခန်းနှင့်ခရိုင်ကြက်ခြေနီတပ်ဖွဲ့များထံသို့ ရန်ရှောင်ကွင်းကုမ္ပဏီမှ Chin Saw(၁)ခုစီ၊ စုစုပေါင်း(၅)ခုတို့အား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေ(၂၇)ရက် နံနက်(၁၀)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လှူဒါန်ပွဲတွင် ရန်ရှောင်ကွင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Chin Saw များလှူဒါန်းပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားကာ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက Chin Saw ပစ္စည်းများသည် မိမိတို့ဌာနအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းစဉ်များတွင် တွင်ကျယ်စွာအသုံးပြုလာ ရတဲ့အတွက် အခုလိုလှူဒါန်းပေးတာကို အလွန်အင်မတန်မှ ဝမ်းသာကြည်နူးမိပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး ရန်ရှောင်ကွင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Chin Sawများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ မီးသတ်စခန်းများမှ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။
အဆိုပါလှူဒါန်းပွဲသို့ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်စခန်းများမှ တာဝန်ရှိသူများ၊ ရန်ရှောင်ကွင်းကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)