အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ စိန်ရတနာဟိုတယ်တွင် မသန်စွမ်းသူများအတွက် Barrier Free Tourism အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
May 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်  ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
May 31,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ ကျေင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးကို ယနေ့နံနက်(၉)နာရီက တံတားဦမြို့ အခြေခံပညာအထက်တန်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
May 31,2022
ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နေ့လယ်စာအာဟာရနှင့် ထောက်ပံ့ပစ္စည်းများအား ကော့သောင်းတပ်နယ်မိသားစုမှ ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
May 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို သက်ဆိုင်ရာနေရာများ ရှိဆေးထိုးစုရပ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အသက် (၁၈) နှစ်အထက် ပြည်သူ ၄၅၇ ဦးအား ဒုတိယအကြိမ်(COVISHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုလည်းကောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သည့် ပြည်သူ (၅၆) ဦးအား Booster Doose နှင့်အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ ပြည်သူ(၉၈)ဦးအား Booster Doseကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း BarrierFree Tourism  အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။