Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရ
May 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း တောင်သူအချို့သည့် နေ့ စဉ်ဝင်ငွေရနိုင်သည့် ကာလတိုသီးနှံများစိုက်ပျိုးရောင်းချလျက်ရှိရာ တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့ စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာလကာကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပြီး ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်…
May 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု မာလကာကုန်းကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာပြည်သူလူထုနှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပြီး ဖုံး၊ သွန် ၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၊ အမာမြို့၊ မမွှေးကွင်းကျေးရွာ၊ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းတွင် မိုးရာသီ ဒီရေတော တစ်အုပ်တစ်မစိုက်ပျိုး
May 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ မမွှေးကွင်းကျေးရွာ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းကွင်းအမှတ်( ၅၉)တွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီဒီရေတော တစ်အုပ်တစ်မစိုက်ပျိုးပွဲကို မေလ (၂၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျေးရွာ သစ်တောကြိုးဝိုင်းအတွင်း ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်း စပါးအထွက်တိုးရေး မျိုးစပါးပေးအပ်ပွဲသို့ တက်ရောက်ပြီး မိုးစပါးစိုက်ပျိုးရန် ထွန်ယက်ပညာပေးခြင်းအား ကြည့်ရှ…
May 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း၊ ဒေသဝမ်းစာဖူလုံရေး၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးအထွက်တိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် OK ဆန်စက်တို့ပူးပေါင်း၍ အထွက်တိုးမျိုးစပါးပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၌ ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်၍ တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစပါးများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် Kids Palace Pre School မူကြိုကျောင်း ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် Kids Palace Pre School မူကြိုကျောင်း ပထမအကြိမ် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေး
May 31,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ ဇွန်(၂)ရက်နေ့ ကျောင်းဖွင့်ရက်တွင် တက်ရောက်သင်ကြားကြမည့် အသက်(၅)နှစ်မှ(၁၂)နှစ် အောက်အရွယ် ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေးမည့်နေရာ ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်ပြီး မြိတ်တက္ကသိုလ် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံ၍ စေတနာ့ဝန်ထမ်းမျာ…
May 31,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မြိတ်မြို့ အထက (၃) ကျောင်း၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြရာ အ.ထ.က (၁) မြိတ်မှ Grade-10 ကျောင်းသား/သူများက “ မြန်မာ့ကျောင်း” သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေကျပ် ၄၄၈ ဒသမ ၄၄ သန်းဖြင့် ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မူလလမ်းကိုချဲ့၍ ကတ္တရာခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ Box Culvert များတည်ဆောက်ခြင်း၊ မြို့ရေပေးရေးပိုက်လိုင်းများနှင့်ဂိတ်ဘားများ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20379
Page
20380
Page
20381
Page
20382
Current page
20383
Page
20384
Page
20385
Page
20386
Page
20387
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department