တံတားဦး မေ ၃၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ ကျေင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးကို ယနေ့နံနက်(၉)နာရီက တံတားဦမြို့ အခြေခံပညာအထက်တန်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကျောင်းအပ်နှံရေးအခမ်းအနားတွင် တံတာဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေး သီချင်းဖြင့် သီဆိုဧည့့်ခံပြီး မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ဦးက အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒါ့အပြင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် အသိပညာ အတက်ပညာပြည့်စုံသော ပညာတက်များ၊ ပေါများလာရေး မျှော်မှန်းချက်ဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပျက် သာတူညီမျှ ပညသင်ယူမှုအခွင့်အလမ်းရရှိရန် အထူးအလေးပေး ဆောင်ရွက်နေပါကြောင်း ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံကြရန်အတွက် ပညာရေးမိသားစုမှ ကြိုဆိုပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြေကာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှအခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်များက ကျောင်းအုပ်ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများထံသို့ တောက်ပံ့ပေးကြသည်။ တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၈) ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပေါင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်းရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ ရေး သတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
ရဲတင့်