ကော့သောင်းတပ်နယ်မိသားစုမှ ဘိုးဘွားရိပ်သာ (ကော့သောင်း) ဘိုးဘွားများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

ကော့သောင်း မေ ၃၁

ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နေ့လယ်စာအာဟာရနှင့် ထောက်ပံ့ပစ္စည်းများအား ကော့သောင်းတပ်နယ်မိသားစုမှ ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင်  စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်းနှင့် ကော့သောင်းတပ်နယ် မိသားစုများစုပေါင်းကာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နေ့လည်စာအာဟာရနှင့် အသုံးဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းခဲ့ကြပြီး  လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁၃) တပ်မတော်ဆေးရုံ၊ ကုတင် (၁၀၀) ကော့သောင်းမှ တပ်မတော်ဆေးဝန်ထမ်းများက ဘိုးဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)