အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူ နိုင်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်မျိုးလွင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက်
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်‌နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ (Kg) အတန်းမှ ဧကာဒဿမတန်းအထိ ကျောင်းသား/သူများ အား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ ကျောင်းသား/သူ စုစုပေါင်း (၁၇၉၄၈)ဦးထိ လာရောက် ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။
May 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 31,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Shield)  နှင့် Sinovac များအား   First dose ၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်‌၊ ဟေမဝန်ဓမ္မာရုံတို့၌  ဆက်လက် ထိုးနှံဆောင်ရွက်ပေးကြောင်းသိရသည်။
May 31,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 31,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့နံနက် ၉:၀၀နာရီမှညနေ ၃နာရီထိ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၊ ရွှေပေါက်ကံ ဒေသန္တရဆေးခန်းနှင့် “က”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။