အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပုန်ခုန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
May 31,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ကျန်းမာရေးနှင့်ပတ်သက်၍ ရုတ်တရက်ဖြစ်ပွားကြုံတွေ့လာပါက ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်တင်နိုင်ရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
May 31,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှစ၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံခဲ့ကြောင်း သိရသည်။
May 31,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲက ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၊ မြို့နယ် မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
May 31,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့်
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သဘာ၀ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်(၁)၊ ထင်းရှူးမြိုင် အိမ်ရာအနီးရှိ စိုက်ခင်း အမှတ်၊ ၂/၁၉၉၉ စိုက်ခင်းဧရိယာအတွင်းကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး နှင့် တိုင်းစစ်ဌာနချုပ်မှမအရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြသည်။
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
May 31,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်​ရေးအတွက် အသက် (၁၅) နှစ်နှင့် အထက် (၁၈) နှစ်အကြား လူငယ်များ၊ ကိုယ်ဝန်​ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းနှင့် ကာကွယ်​ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါထပ်​ဆောင်း ကာကွယ်​ဆေး (Booster) ထိုးနှံ​ပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မိခင်နှင့် က​​လေးကျန်းမာ​ရေးဌာနနှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေးသည့် ဂိတ်တို့တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။