ပြည်ကြီးမဏ္ဍိုင် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့လျက်ရှိရာ ကာကွယ်တားဆီးနိုင်ရေး သတိပြုရန်လိုအပ်ကြောင်း မိဘပြည်သူများအနေနှင့်လူစုလူဝေးရှောင်ခြင်း၊ အိမ်ပြင်အ ထွက်တိုင်းနှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာနေထိုင်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးသွားနိုင်ရေးတိုက်တွန်းနှိုး ဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)