Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းတွင် ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၃၀)ရက်နေ့၊ ညနေ(၃)နာရီ အချိန်က ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 31,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေး များအား “ မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ” ဆိုသည့် ဆောင်ပုဒ် အတိုင်း အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်အတွင်း လာရောက်အပ်နှံကြသည့် ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇) အထိရှိ
May 31,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ သူငယ်တန်း (KG) တန်းမှ Grade-11အထိ ကျောင်းသား/သူများအား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၁၉၈၁၃ ဦး ကျောင်းအပ်နှံထားပြီးဖြစ်
May 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် မေလ(၂၆)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၈၁၃ ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင် ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့ မြို့ပေါ်ရှိ ပြည်သူများနှင့်အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လမ်းမတော်လမ်း၊ မြို့မဈေးကြီးနှင့် မြနန္ဒာဈေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ဈေးရောင်းဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20376
Page
20377
Page
20378
Page
20379
Current page
20380
Page
20381
Page
20382
Page
20383
Page
20384
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department