Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်ဘုတ်ပြသ
Dec 17,2021
ကမ္ဘာ့နိုင်ငံနေရာအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ်(အိုမီခရွန်) ထပ်မံကူးစက်ပြန့်ပွားလာသည်နှင့်အမျှ ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
“သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့” အသိပညာပေး လက်ကမ်းဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသ
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးအတွက် “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေးလက်ကမ်း ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသထားခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူမ…
Dec 17,2021
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုဆောင်ရွက်မည့် အစီအစဉ်များအား မြို့နယ်ပညာရေးမှူးနှင့်…
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အခြေခံပညာကျောင်းများ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်ဆောင်ရွက်မည့် အစီ အစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Online မှတဆင့် စာအုပ်စာပေများ မိတ်ဆက်ခြင်း နှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ…
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူ၊ စာငှား/ဖတ် ပရိတ်သတ်များအတွက် စာအုပ်ထဲမှ စာပေများမိတ်ဆက် ခြင်း၊ အသိပညာပေးအစီအစဉ်များကို Online မှတဆင့် အစဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျက်ရှိ
Dec 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြို့ဝင်မြို့ထွက်ဂိတ်များ၏ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်ရေးသားသည့် ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19669
Page
19670
Page
19671
Page
19672
Current page
19673
Page
19674
Page
19675
Page
19676
Page
19677
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department