Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့ နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက် ချက် မှတ်တမ်းဓါတ်ပုံမျ…
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက် အ.ထ.က(၁)ကျောင်းနှင့် နွယ်အေးရပ်ကွက် အ.လ.က(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင်“ပန်းခင်း”စီမံချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အသိပညာ ပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုး ဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ခ…
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ ယနေ့ နံနက်ပိုင်းက ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း၊ ဦးတည် အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံအချို့အားဒေသခံ စာဖတ်/ စာငှားပြည်သူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊စကောကရင်ဘာသာ၊ပိုးကရင်၊ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်(omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အ…
Dec 17,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၂) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်(omicron) ကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင် များအား သန့်ရှင်းရေးပြုလုပ်
Dec 17,2021
မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က စတင်ကာ ရေမြောင်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19672
Page
19673
Page
19674
Page
19675
Current page
19676
Page
19677
Page
19678
Page
19679
Page
19680
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department