အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခန့်က စာရေးဆရာပီတိ(ပေကြီး) ၏ “ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ အခြေခံသိစရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများလူနေမှုအဆင့်မြင့်မားစေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club အဖွဲ့၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကို ယနေ့ နေ့လယ် (၁၂ )နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့်ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ် နှင့်ဦးတည် ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား ရုံးရှေ့မြေ စိုက်ဘုတ် တွင် ပြသဆောင်ရွက်ခဲ့သည်။
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအနောက်ကွင်း၊ ကွင်းအမှတ်(၂၈၄)၊ ဦးပိုင်အမှတ် (၃၇/၃)၊မြေကွက်အမှတ်(၄၅၀) တောင်သူ ဒေါ်လှလေး စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၁)ဧကရှိ စံကွက်အရွယ်အစား(၀.၀၀၁)ဧကတွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။