အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သောတက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Dec 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Dec 17,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ ပေးခြင်းတို့ကို ဒီဇင်ဘာလ ၁၇ ရက်‌နေ့က သထုံမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၅)ခု တို့၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်ကျောင်းသား ၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မူလတန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 17,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ် ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား  အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည‌နေ ၄ နာရီအချိန်က (အိုမီခရွမ်) omicrom မျိုးရိုးဗီဇ‌ပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများအား သိရှိ‌လိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက်ရှိသူများအား ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ရွံ့စေမြေအုတ်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။