အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀) အချိန်က (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးသိန်းစိုး၊ မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းမြင့်တို့က သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ကြောင်းသိရသည်။
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ် တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က မအူပင်မြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အများပြည်သူ အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိကြောင်း သိရသည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတ ရစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယခု တစ်ပတ် တနင်္လာနေ့တွင် ရိုးသားတဲ့ သူငယ်ချင်း တစ်ဦး၊ ကျောင်းသွားရအောင်၊ ရွှေဇီးကွက်နဲ့ တပည့် ပုံပြင်များ ၊ အင်္ဂါနေ့ တွင်
Dec 17,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခန့်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။